ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့ မိန်းပန်း(ရှမ်း) ရပ်ကွက်တွင် ပြုလုပ်နေသည့် ကျားဖြန့်လုပ်ငန်းတစ်ခုကို "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ဝင်ရောက်စီးနင်း ဖမ်းဆီးလိုက်သည်ဟု UWSA ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ (၁၀၅)ဦးနှင့်အတူ စပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု Wa News Land ကလည်းဖော်ပြသည်။
အဆိုပါကိစ္စကို လားရှိုးမြို့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက Tachileik News Agency ကို အတည်ပြုသည်။
"ကျနော် "ဝ" ပြည်အတွင်း ကျားဖြန့်ကင်းစင်တဲ့အထိ ဆက်လက်လုပ်သွားပါမယ်။ ဖမ်းမိသူများကို တရုတ်သို့လွှဲပြောင်းပေးဖို့ လုပ်နေပါတယ်။"ဟု ဦးညီရမ်းက Tachileik News Agency ကိုပြောသည်။
ကျားဖြန့်လုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူမှာ တရုတ်အမျိုးသားဖြစ်ပြီး UWSA က ဝင်ရောက်မဖမ်းဆီးခင် ရက်ပိုင်းအလိုကတည်းက ပြောင်းရွှေ့သွားကြသည်ဟု သိရသည်။
ဖမ်းဆီးရမိထားသူများထဲတွင် တရုတ်နိုင်ငံသားများ အပါအဝင် ဝ၊ ကိုးကန့်နှင့် ရှမ်းလူမျိုး အများစုပါဝင်သည်ဟု ဆိုသည်။
#TachileikNewsAgency