ရွှေဘိုမြို့နယ် ကူးတို့ဆိပ် ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် 

ရွှေဘိုမြို့နယ် ကူးတို့ဆိပ် ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ကူးတို့ဆိပ် ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးကြောင်း KLG PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ကူးတို့ဆိပ် ပျူစောထီးကျေးရွာအား ဇူလိုင်လ (၁၃)ရက်နေ့ မနက်ခြောက်နာရီခွဲအချိန်တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဘန်ကာ (၃)ခုကို ဝိုင်းထားနိုင်ခဲ့သော်လည်း RPG မထွက်သည့်အပြင် အနီးရှိ စစ်ကောင်စီ ဆင်အင်းစခန်းမှ စစ်ကူများ ရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၁၄)ရက်နေ့တွင် ဒုတိယအကြိမ် တိုက်ခိုက်ရန် ချဉ်းကပ်ချိန်တွင် ကူးတို့ဆိပ်ပျူစောထီးကျေးရွာအတွင်းမှ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးများ ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းနေပြီး ၊ 96 Soldiers–PDF(အညာဒေသ) အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ၊ Fighter one တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦး (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို 96 Soldiers-PDF(အညာဒေသ)၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး(KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Shwebo Federal Army၊ Phoenix Wings၊ Phoenix Defence Froce (ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့ နှင့် CAF (Civil Armed force) တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency