ကနီမြို့ပေါ် ကျေးလက်ရုံးဘေးရှိ  စစ်ကောင်စီလက်အောက်ခံ ကင်းပုန်းကို PDF က Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်

ကနီမြို့ပေါ် ကျေးလက်ရုံးဘေးရှိ  စစ်ကောင်စီလက်အောက်ခံ ကင်းပုန်းကို PDF က Drone ဖြင့် ဗုံးကြဲ တိုက်ခိုက်
ဖေဖော်ဝါရီ 5, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးဘေးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများကို  ယနေ့ဖေဖော်ဝါရီလ(၅)ရက် ည(၇)နာရီခွဲဝန်းကျင်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနီ PDF က သတင်းထုတ်ပြန်လာသည်။

 KLG PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့် ရဲများ၏ ထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

  

စစ်ကိုင်း၊ ကသာမြို့နယ်တွင်လည်း ယနေ့ ဖေဖော်ဝါရီလ(၅)ရက်၊ နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား အများအပြားသေကြောင်း ကသာ PDF က ထုတ်ပြန်သည်။

ကသာမြို့နယ်၊ ဝေပေါင်တောရကျောင်းဘက်မှ နမ့်စမ်းရွာဘက်သို့တက်လာသည့် စစ်‌ကောင်စီတပ်များနှင့် ကသာ PDF၊ မြို့လှ PDF တို့က ပူးပေါင်းပြီး တိုက်ခိုက်ခြင်းဖြစ်ရာ PDF ဘက်မှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်သည့် ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်က ထုံးစံအတိုင်း ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်စမ်းရွာနေ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။