စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း ရေဦးမြို့နယ်တွင် တရားမဝင် သစ်ခိုးထုတ်နေသည့် ပိုင်ရှင်နှင့်ယာဉ်မောင်းအား ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်လာသည်။
ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် တရားမဝင် သစ်ခိုးထုတ်လာသည့် ပိုင်ရှင်နှင့်အတူ ကျွန်းသစ်(၁၁)တန် အပါအဝင် ယာဉ်(၂)စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိပြီး သစ်များနှင့် ယာဉ်(၂)စီးကို ထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။
ဖမ်းမိသည့် ပိုင်ရှင်နှင့်ယာဉ်မောင်းကိုတော့ ခံဝန်ကတိရေးထိုးစေပြီး နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက အပြစ်ပေးမည်ဟု သတိပေးထားကြောင်း သိရသည်။
#TachileikNewsAgency
Photo: ရေဦး PDF