တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် ခမရ(၅၅၆) ခြေမြန်တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်တူ အလင်းဝင်လာသည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ထံမှ သိရသည်။
တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေစဉ် တပ်သား မောင်ဝေလင်းထွန်းသည် နိုဝင်ဘာ (၄)ရက်နေ့က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။
၎င်းသည် MA-2 တစ်လက်၊ ၅.၅၆ ကျည် (၂၀)တောင့်နှင့် ကျည်ဘောက် (၁)ခု ယူဆောင်လာသည်ဟု ဆိုသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ဂုဏ်ပြုဆု ငွေကျပ် (၆၀)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) အနေနှင့် စစ်ကောင်စီတပ်သားများ၊စစ်မှုထမ်းအမိန့် ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် ပြည်သူဘက်ရပ်တည်လိုသူများအား ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့