ဆိပ်ဖြူ နှင့် ဆောမြို့နယ်အကြား တရားမဝင် သစ်ခိုးသူထုတ်သည့်အဖွဲ့ကို PDF က ဖမ်းမိ

Photo: LSR PDF
Photo: LSR PDF
ဆိပ်ဖြူ နှင့် ဆောမြို့နယ်အကြား တရားမဝင် သစ်ခိုးသူထုတ်သည့်အဖွဲ့ကို PDF က ဖမ်းမိ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်နှင့် ဆောမြို့နယ်ကြားတွင် တရားမဝင် သစ်ခိုးထုတ်နေသည့်အဖွဲ့ကို လက်လုပ်သေနတ်၊ တရားမဝင်ခိုးထုတ်ထားသည့် သစ်တန်ချိန် (၃) တန်တို့နှင့်အတူ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်က ၂၀၂၂ ခုနှစ် မတ်လ (၁) ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

သစ်ခိုးထုတ်သူများကို တရားမဝင် ခိုးထုတ်လာသည့် သစ်တန်ချိန် (၃)တန် ဝန်းကျင်နှင့်အတူ Chain Saw (၆)လက်၊ လက်လုပ်လေသေနတ် (၂)လက်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင်ပစ္စည်းများကို အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဝေစားမျှစားလုပ်နေသည့် တရားမဝင်လုပ်ငန်းများကို  LSRPDF မှ တားဆီးတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။