စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းမကြီးတွင် ကြေးနီများတင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက် (၉)နာရီခွဲတွင် မိုင်ဆွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။
တော်လှန်ရေးတပ်များ၏ ပူပေါင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကြေးနီကားတစ်စီး တိမ်းမှာက်ပျက်စီးပြီး တစ်စီးမှာ ခေါင်းပိုင်းထိခိုက်ပျက်စီးသွားသဖြင့် စစ်ကောင်စီတပ်က လုံးခြုံရေးများနှင့် မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် ပြန်လည်ပြုပြင်နေသည်ဟု သိရသည်။
"စကစ တပ်သားတွေ လုံခြုံရေးယူပြီးလာတဲ့ ကြေးနီးသယ်ကားတွေ မုံရွာမြို့ကနေ ထွက်လာတာကို သတင်းရလို့ ကျွန်တော်တို့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသင့်စောင့်ပြီး ပဒေသာအတွဲလိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်တာပါ။"ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ခေါင်းပိုင်းပျက်စီးသွားသည့် ကြေးနီသယ်ကားကို စစ်ကောင်စီတပ်က လုံခြုံရေးများဖြင့် ပြန်လည်ပြုပြင်ပြီးနောက် ဆက်လက်မောင်းနှင်သွားသည်ဟု ဆိုသည်။
တိမ်းမှာက်နေသောကားမှာ လက်ရှိအချိန်ထိ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ ချောင်းဦးမြို့နှင့် မြင်းမူမြို့အကြား လမ်းပိုင်းတစ်နေရာတွင် ရှိနေသေးသည်ဟုဆိုသည်။
"မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ရဲဘော်တွေ အထိအခိုက်မရှိဘူး။"ဟု ၎င်းကဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကြေးနီးသယ်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စစ်ကောင်စီတပ်သားများ ဒဏ်ရာရကြပြီး ချောင်းဦးမြို့ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ၊ Nway Oo Brothers Column၊ Royal Tiger Force(ဆားလင်းကြီး)တို့က ပူးပါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo:လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃