မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇဘဏ် ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ဓါးပြတိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
မဟာအောင်မြေမြို့နယ် (၇၃)လမ်းနှင့် (၄၁)လမ်းရှိ ဗောဓိကုန်း ကမ္ဘောဇဘဏ်အမှတ်(၃၇)ကို လူတစ်ဦးက လက်နက်ကိုင်ဆောင်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၁၅၀၀)ကျော် ယူဆောင်သွားသည်ဟု သိရသည်။
ဓားပြတိုက်သူက လက်နက်နှင့်ခြိမ်းခြောက်သဖြင့် ဘဏ်ဝန်ထမ်းကိုယ်တိုင် ဓါးပြတိုက်သူ စီးနင်းလာသည့် ဆိုင်ကယ်ပေါ် ငွေထုပ်ကို တင်ပေးလိုက်ရသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးခြင်းများလုပ်ဆောင်နေသည်ဟု သိရသည်။
မန္တလေးတွင် မကြာခဏ ဓါးပြတိုက်ခံနေရပြီး ပြီးခဲ့သည့်နှစ်ကလည်း ရွှေဆိုင်နှင့် ငွေလဲဆိုင်များ ဓါးပြတိုက်ခံခဲ့ရသည်။
#TachileikNewsAgency
Photo:CJ