မြင်းခြံမြို့နယ်အတွင်းရှိ တောင်ရှေ့တိုးဂိတ်နှင့် စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

မြင်းခြံမြို့နယ်အတွင်းရှိ တောင်ရှေ့တိုးဂိတ်နှင့် စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံနှင့် တောင်သာကြားရှိ တောင်ရှေ့တိုးဂိတ်နှင့် စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ကြောင်း မြင်းခြံခရိုင် အမှတ် (၉)တပ်ရင်း Myingyan Black Tiger (MBT) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းခြံနှင့် တောင်သာကြားရှိ တောင်ရှေ့တိုးဂိတ်အား ဇူလိုင်လ (၉) ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့တွင် လက်ဝဲကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ကွမ်းစိုက်ကျေးရွာနှင့် တောင်ရှေ့ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တောင်ရှေ့တိုးဂိတ်တိုက်ပွဲတွင် MBT အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မဟာမိတ်တပ်ဖွဲ့များဘက်မှလည်း ထိခိုက်မှုတချို့ရှိခဲ့ကြောင်း Myingyan Black Tiger (MBT) မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ အခြားတပ်ရင်းတပ်ဖွဲ့များ၊ ပကဖများနှင့် Local မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency