ထိုင်းနယ်စပ်ကနေ လျှပ်စစ်၊ စက်သုံးဆီ နှင့် ဆား၊သကြား တင်သွင်းမှုကို ပိတ်ဆို့ကြောင်း KTLA ထုတ်ပြန်

ထိုင်းနယ်စပ်ကနေ လျှပ်စစ်၊ စက်သုံးဆီ နှင့် ဆား၊သကြား တင်သွင်းမှုကို ပိတ်ဆို့ကြောင်း KTLA ထုတ်ပြန်

ထိုင်းနိုင်ငံ နှင့် နီးစပ်သည့် ကရင်ပြည်နယ်အတွင်း ကော်သူးလေတပ်တော်(KTLA)နယ်စပ်ဒေသတွင် လျှပ်စစ်မီး၊ လောင်စာဆီ၊ သကြားနှင့် ဆားတင်သွင်းမှုအား ပိတ်ဆို့ကြောင်း ကော်သူးလေတပ်တော်က  ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အသိထားသည်။

ထိုင်းအစိုးရနှင့် နိုင်ငံတချို့မှ ကော်သူးလေ - ထိုင်းနယ်စပ်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ဥပဒေများ၊ လူ့အခွင့်အရေးနှင့် ဆန့် ကျင်နေသော အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ၊ လောင်းကစားရုံတည်ထောင်ခြင်းများကို ပိတ်ဆို့၍ လျှပ်စစ်မီး၊ လောင်စာဆီများ၊ သကြားများ၊ ဆားများ ပို့ဆောင်တင်သွင်းမှုများကို ပိတ်ဆို့အရေးယူနေ သည်ဟု ဆိုသည်။

ထို့ကြောင့် ကော်သူးလေတပ်တော် စစ်ဘက်ရေးရာ ခေါင်းဆောင်များ၊ စစ်သည်များမှ ကော်သူးလေ-ထိုင်းနယ် စပ်တွင် လျှပ်စစ်မီးများ၊ လောင်စာဆီများ၊ သကြားများ၊ ဆားများကို များပြားစွာ ပို့ဆောင်တင်သွင်းမှုများကို တိကျစွာ စစ်ဆေး၍ နယ်စပ်တွင် ယင်းသို့တင်သွင်းမှုများမပြုလုပ်နိုင်ရန် ထိထိရောက်ရောက် အရေးယူဆောင် ရွက်သွားရမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး Tachileik News Agency က KTLA ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ကော်သူးလေတပ်မတော်(KTLA) သည် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ခွဲထွက်ကာ တည်ထောင်ထား သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ကရင် အမျိုးသားအစည်းအရုံးမှ ခွဲထွက်ပြီး "ကော်သူးလေတပ်မတော်"ကို တည်ထောင်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စစ်ရေးလှုပ်ရှားခြင်းများရှိပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားသလို KNU တပ်များနှင့်လည်း ပြန်လည်တိုက်ပွဲဖြစ်ပွားသည်။