ကမ္ဘာမ‌ကျေဘူး သီချင်းရေးသားသူ တေးရေး နိုင်မြန်မာကွယ်လွန်

ကမ္ဘာမ‌ကျေဘူး သီချင်းရေးသားသူ တေးရေး နိုင်မြန်မာကွယ်လွန်
ဖေဖော်ဝါရီ 7, 2025 | ဒေသဆိုင်ရာသတင်းများ

ကမ္ဘာမ‌ကျေဘူးသီချင်းကို ဖန်တီး ရေးသားသူ တေးရေး နိုင်မြန်မာ သည် ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဟု ၄င်းနှင့်နီးစပ်သူများထံမှ သိရသည်။ 

တေးရေးနိုင်မြန်မာသည် သီချင်းများအပြင် ကဗျာများကိုလည်း ရေးသားသူဖြစ်ကာ နှလုံးရောဂါဖြင့် ကွယ်လွန်ချိန်တွင် အသက် (၆၇)နှစ် ရှိပြီဖြစ်သည်။ 

တေးရေး နိုင်မြန်မာ ကွယ်လွန်သည့်အကြောင်းကို ဂစ်တာပညာရှင် နိုင်ဇော်ကလည်း "တေးရေး နိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတစ်ခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်" ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

သူသည် ကမ္ဘာမ‌ကျေဘူး၊ ဝါဆို၊ ခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ပလက်ဖောင်းရှိုး စသည့် အောင်မြင်သော သီချင်းများအား ရေးသားခဲ့သူဖြစ်သည်။ 

မဆလ အစိုးရလက်ထက်တွင် ဆေးရောင်စုံမြင်ကွင်းကျယ် သီချင်းကြောင့် တရားရင်ဆိုင်ခဲ့ရဖူးသူလည်းဖြစ်ကာ စစ်တပ်အာဏာသိမ်းခြင်းကိုလည်း လက်မခံခဲ့သူဖြစ်သည်။ 

တေးရေးနိူင်မြန်မာ၏ သားဖြစ်သူ အဆိုတော်ဗျူဟာမှာလည်း စစ်ကောင်စီ၏ မီးပေးမှုကို ဝေဖန်ပြောဆိုရာက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ချခံထားရသည်။

#TachileikNewsAgency

#TNA_MAT

Photo: Internet(ပုံဟောင်း)