ကန်ကျနဘူရီခရိုင် အဝေးပြေးကားလမ်းတွင် မြန်မာနိုင်ငံသား ၁၆၉ ဦးဖမ်းဆီးခံရ

ကန်ကျနဘူရီခရိုင် အဝေးပြေးကားလမ်းတွင် မြန်မာနိုင်ငံသား ၁၆၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် အဝေးပြေးကားလမ်းတစ်နေရာ၌ ကုန်တင်ကားဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား (၁၆၉)ဦး ဖမ်းဆီးခံရသည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။

တရားမဝင်မြန်မာနိုင်ငံသား (၁၆၉)ဦးကို တင်ဆောင်လာသည့် တွဲကုန်တင်ကားကြီးတစ်စီးအား ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာက ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။ 



 

၎င်းတို့သည် ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင် ဘောလွယ်မြို့နယ်ရှိ စစ်ဆေးဂိတ်ကိုဖြတ်မောင်းလာစဉ်  ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယာဉ်မောင်း (၂)ဦး၊ တရားမဝင် မြန်မာနိုင်ငံသား(၁၆၉)ဦး စုစုပေါင်း(၁၇၁)ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကန်ချနဘူရီခရိုင် တောစပ်တစ်နေရာတွင် တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား(၂၀၀)ဦးနီးပါး ဖမ်းဆီးခံလိုက်ရသည်။ 

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်၏ စစ်မှုထမ်းရန်ခေါ်ဆောင်းခြင်း ပိုမိုတင်းကြပ်လာသဖြင့် လူငယ်၊ လူရွယ်များသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြခြင်းလည်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo: Internet