ခမရ(၅၄၁)မှ  အရာခံဗိုလ်တစ်ဦး လက်နက်နှင့်အတူ KNDF ထံ ဘက်ပြောင်း  

Photo: KNDF
Photo: KNDF
ခမရ(၅၄၁)မှ  အရာခံဗိုလ်တစ်ဦး လက်နက်နှင့်အတူ KNDF ထံ ဘက်ပြောင်း  

 ကရင်နီ(ကယား)ပြည်နယ်အတွင်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၅၃၁)ခြေမြန်တပ်ရင်းမှ  အရာခံဗိုလ်တစ်ဦး လက်နက် နှင့်အတူ  ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင်  KNDF ထံ ဘက်ပြောင်းခိုလှုံလာကြောင်း သိရသည်။

 ဘက်ပြောင်းခိုလှုံလာသူ အရာခံဗိုလ်မှာ စစ်မှုထမ်းလုပ်သက် (၄၀)နှစ်ကျော်ရှိပြီဖြစ်ပြီး စစ်ကောင်စီ၏ မတရားသော လုပ်ရပ်များနှင့် အာဏာရှင်စနစ်ဆိုးအောက်တွင် ဆက်၍ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ သဖြင့် MA 3 သေနတ်တစ်လက် အပါအဝင်  ဆက်စပ်ပစ္စည်းများနှင့်အတူ KNDF ထံထွက်ပြေးခိုလှုံလာခြင်းဖြစ်သည် ဟု သိရသည်။

၎င်းအား  ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ ( Karenni Nationalities Defence Force  - KNDF )က ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားသည်ဟု ဖော်ပြထားပြီး စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွား အတွက် ရပ်တည်နေမည့်အစား စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီစွန့်ခွာ၍  ပြည်သူလူထုထံ ခိုလှုံ ကြရန်တိုက်တွန်းထားသည်။