နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် စစ်ခေါင်းဆောင်ပြောဆို

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် စစ်ခေါင်းဆောင်ပြောဆို

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားအတွက် စစ်ခေါင်းဆောင် ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။

ရွေးကောက်ပွဲလုပ်ရန် စိုင်းပြင်းနေသည့် စစ်ခေါင်းဆောင်က ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပြီး သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

“မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါသည်။”ဟု စစ်ခေါင်းဆောင်က ဖော်ပြပြောဆိုသည်။

ထို့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးသည့် အချိန်ကာလ ဖြစ်လာသဖြင့် တိုင်းရင်းသား ညီအစ်ကိုများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းကြရန်လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုသည်။

“တိုင်းရင်းသား ပြည်သူများအားလုံး စည်းလုံးညီညွတ်သောစုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းသည်။”ဟု စစ်ခေါင်းဆောင်က ပြောသည်။

ထာဝရငြိမ်းချမ်းရေးယူရန် ပြောဆိုပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်း ဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရသည်ဟု စွပ်စွဲသည်။

ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။

#TachileikNewsAgency

#TNA_MAT