ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို တွင် တာဝန်ထမ်းဆောင်စဉ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားသည့် ရဲဘော်(၃၈)ဦးကို ပြည်သူများ၏ လှူဒါန်းငွေများဖြင့် ငွေကျပ် (၅၉)သိန်းကျော် ထောက်ပံ့သည်ဟု ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်း အပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲများနှင့် မိုင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ရဲဘော် (၁၉၉)ဦးအထိ ရှိသည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရ ရဲဘော်များထဲမှ ခြေပြတ်၊ လက်ပြတ်၊ မျက်လုံးအစားထိုးနှင့် အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ဦးခေါင်း စသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရဲဘော်နှင့် ရဲမေ (၃၈)ဦးအား ပြည်သူများ၏ လှူဒါန်းငွေများဖြင့် စုစုပေါင်း ငွေကျပ်(၅,၉၅၀,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်