မန္တလေးတိုင်း တောင်သာမြို့နယ်တွင် ပျူစောထီးအဖွဲ့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ဝင်ရောက်စီးနင်းရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မြင်ခြံ-ညောင်ဦးလမ်းဘေးရှိ ဆင်ဖြုရွာတွင်ရှိသော ပျူစောထီးခေါင်းဆောင် ဝင်းကိုနှင့်အဖွဲ့ဝင်များအား တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးများ ထွက်ပြေးသည်ဟု ဆိုသည်။
ထို့နောက် ပျူစောထီးများ၏ ပြောင်းချော(၂)လက် ၊ တူမီးတစ်လက်၊ .22 လက်လုပ် တစ်လတ်၊ ပါရီတစ်လက်နှင့် ဆက်စပ်သော ခဲယမ်းများကိုသိမ်း ဆည်းရရှိသည်ဟု သိရသည်။
တိုက်ခိုက်မှုကို တောင်သာ ပကဖ နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Burmese Guerrilla Force-Myingyan (BGF)၊ ညောင်ဦး ပကဖ ၊ ညောင်ခရိုင်အမှတ် (၅) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအချိန်ကြာမြင့်လာသည်နှင့်အလျာက် တော်လှန်ရေးအဖွဲ့များအနေနဲ့ဖြင့် နေရာတိုင်းတွင် စစ်ရေးဖော်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးရာတွင် နေကြရန်၊ မလိုအပ်ဘဲ ခရီးသွားခြင်းမပြုကြရန်နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ပေးကြရန် တောင်းဆိုထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့