နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ကြောင်း Royal Eagle – PDF ထံမှ သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် အေးအေးအောင်သည် ၂၀၂၄ ခုနှစ် သြဂုတ်လ (၄)ရက်နေ့တွင် ရေစကြိုမြို့နယ်အခြေစိုက် Royal Eagle – PDF ထံ ချိတ်ဆက် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက စစ်အာဏာရှင်လက်အောက်မှာ ဆက်မလုပ်နိုင်တော့လို့ အလင်းဝင်လာတာပါ။ ကျနော်တို့အဖွဲ့ကို ဖုန်းနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာ ၊  လမ်းမှာ ကျနော်တို့အဖွဲ့က သွားခေါ်ပေးပါတယ်”ဟု Royal Eagle – PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အလင်းဝင် ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ G-3 ကျည် (၂၄) တောင့် ၊ 9mm ကျည် (၂၅) တောင့် နှင့် ကွန်ပျူတာတစ်လုံးတို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းအား ဆုငွေချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့ကလည်း ရဲတပ်ကြပ်တစ်ဦး Royal Eagle – PDF ထံ သေနတ်တစ်လက်၊ ကျည်ဆံ (၂၀၀) နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းအား ဆုကြေးငွေချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ROYAL EAGLE -PDF