မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မိသားစုပါခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) ထံမှ သိရသည်။
ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ထန်းဖေသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မိသားစုနှင့်အတူ G-3 (၁)လက်၊ G–3 ကျည်ဘောက် (၂) ဘောက်နှင့် 7.62 ကျည် (၁၉၄)တောင့်တို့ ယူဆောင်လာပြီး ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) နှင့် အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင် အမှတ် (၂/၄/၁၀) တပ်ရင်းထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲတပ်သား ထန်းဖေအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၅၀) ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) က ဆိုသည်။
စစ်ကောင်စီတပ်မှ CDM ပြုလုပ်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရမည်ဟု အယုံသွင်း ဝါဒဖြန့်ချီခြင်းခံထားရပြီး မှိုင်းမိနေသည့် စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မှီ အမြန်ဆုံး CDM ပြုလုပ်ပါက ကြိုဆိုမည်ဖြစ်ကြောင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) က အသိပေးထားသည်။
ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁)လအတွင်း မြန်မာပြည်နေရာအနှံ့တွင် စစ်သား၊ ရဲနှင့် အကျဉ်းဦးစီးဝန်ထမ်းတချို့ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၄၇၅)ဦး အလင်းဝင်ရောက်ခဲ့ပြီး ၊ ၎င်းတို့အနက်မှ (၁၉၁)ဦးသည် လက်နက်များနှင့်အတူ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ အချက်အလက် ကောက်ယူမှုအရ သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ