တာေလၿမိဳ႕ နမ့္လင္းေခ်ာင္းအတြင္း တရားမဝင္ေရႊတူးေနသည့္ ေရႊေဖာင္ (၃)ခုကို ပိုင္ရွင္မဲ့ဖမ္းမိ

တာေလၿမိဳ႕ နမ့္လင္းေခ်ာင္းအတြင္း တရားမဝင္ေရႊတူးေနသည့္ ေရႊေဖာင္ (၃)ခုကို ပိုင္ရွင္မဲ့ဖမ္းမိ
ဇွန် 3, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕ နမ့္လင္းေခ်ာင္းတြင္ တရားမဝင္ေရႊတူးေနသူမ်ား၏ ဝါးေဖာင္ (၃)ခုကို ပိုင္ရွင္မဲ့ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

နားေယာင္းေက်းရြာအုပ္စု၊ ပါဟုတ္ႏွင့္ က်တားေက်းရြာၾကား နမ့္လမ္းေခ်ာင္းတြင္ ေရႊခိုးတူးေဖၚေနသူမ်ားအား ၂၀၁၉ ခုႏွစ္ ဇြန္လ (၂)ရက္ေန႔ ညေန (၃)နာရီက တာေလနယ္ေျမရဲစခန္းႏွင့္ နယ္ေျမခံတပ္မွ တပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ သြားေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ နမ့္လင္းေခ်ာင္းအတြင္းမွ ပိုင္ရွင္မဲ့ေတြ႕ရသည့္ ဝါးေဖာင္ (၃)ခုေပၚတြင္ ေရႊတူးေဖၚရာ၌ အသံုးျပဳသည့္ အင္ဂ်င္မ်ား၊ ေရပိုက္မ်ားကို သိမ္းဆည္းရမိထားေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးရမိမႈကို တာေလနယ္ေျမရဲစခန္းတြင္ (ပ)၃/၂၀၁၉၊ သတၱဳတြင္းအက္ဥပေဒပုဒ္မ ၃၀(ခ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာေလေထြအုပ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာလေမြို့ နမ့်လင်းချောင်းအတွင်း တရားမဝင်ရွှေတူးနေသည့် ရွှေဖောင် (၃)ခုကို ပိုင်ရှင်မဲ့ဖမ်းမိ
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့ နမ့်လင်းချောင်းတွင် တရားမဝင်ရွှေတူးနေသူများ၏ ဝါးဖောင် (၃)ခုကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိထားကြောင်း သိရသည်။

နားယောင်းကျေးရွာအုပ်စု၊ ပါဟုတ်နှင့် ကျတားကျေးရွာကြား နမ့်လမ်းချောင်းတွင် ရွှေခိုးတူးဖေါ်နေသူများအား ၂၀၁၉ ခုနှစ် ဇွန်လ (၂)ရက်နေ့ ညနေ (၃)နာရီက တာလေနယ်မြေရဲစခန်းနှင့် နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် နမ့်လင်းချောင်းအတွင်းမှ ပိုင်ရှင်မဲ့တွေ့ရသည့် ဝါးဖောင် (၃)ခုပေါ်တွင် ရွှေတူးဖေါ်ရာ၌ အသုံးပြုသည့် အင်ဂျင်များ၊ ရေပိုက်များကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုကို တာလေနယ်မြေရဲစခန်းတွင် (ပ)၃/၂၀၁၉၊ သတ္တုတွင်းအက်ဥပဒေပုဒ်မ ၃၀(ခ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာလေထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net