ယောကာကွယ်ရေးတပ်ဖွဲ့က ချင်းညီနောင်စစ်ဆင်ရေး၏ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်

 ယောကာကွယ်ရေးတပ်ဖွဲ့က ချင်းညီနောင်စစ်ဆင်ရေး၏ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်

 ယောကာကွယ်ရေးတပ်ဖွဲ့(YDF)က ချင်းညီနောင်စစ်ဆင်ရေး၏ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ချင်းညီနောင်များနှင့်အတူ မြို့ပေါင်း (၃)မြို့အထိ ပူးပေါင်းအောင်ပွဲဆင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ်(YDF)၏ သတင်းပြန်ကြားရေးနှင့်စစ်မှတ်တမ်းထိန်းသိမ်းရေးဌာနက သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ယောကာကွယ်ရေးတပ်(YDF) သည် ချင်းညီနောင်( Chin Brotherhood )တပ်ဖွဲ့၊ Yaw Army၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း(၃)တို့နှင့်အတူ မင်းတပ်မြို့အား အလုံးစုံ သိမ်းပိုက်နိုင်ရေးတွင် အဓိက အချက်အခြာကျသည့် အမှတ်(၂၇၄)ခြေလျင်တပ်ရင်းကို ဒီဇင်ဘာလ(၂၁)ရက်နေ့က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အမှတ်(၂၇၄)ခြေလျင်တပ်ရင်းကို သိမ်းပိုက်ရာတွင် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြသလို  စစ်သုံ့ပန်းများကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်းလည်း သိရသည်။

ယောဒေသနှင့် အိမ်နီချင်း ချင်းညီအစ်ကိုများနေထိုင်သော ချင်းပြည်အတွင်း စစ်ကောင်စီ အလုံးစုံ ကင်းစင်ရေးအတွက် ချင်းညီနောင်များ ဆင်နွှဲခဲ့သော မြို့သိမ်းတိုက်ပွဲများတွင် YDF အနေဖြင့် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်မှာ မင်းတပ်မြို့ အပါအဝင် မြို့ပေါင်း (၃)မြို့အထိ ပူးပေါင်း အောင်ပွဲဆင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: ယောကာကွယ်ရေးတပ် - YDF