စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုး မီးရှို့ပြီးနောက် သေဆုံးသူ (၄)ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့မှ ဒီဇင်ဘာလ (၉)ရက်နေ့အထိ ရွှေဘိုအနောက်ဖက်ရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် ရွှေဘိုမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ကြောင်းထိုးပြီး သပြေသာကျေးရွာအား မီးရှို့ဖျက်ဆီးကြောင်း သိရသည်။
စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခြင်းကြောင့် သပြေသာရွာမှ အိမ်ခြေ(၂၀၀)နီးပါး မီးရှို့ခံရပြီး အမည်မသိ ရုပ်အလောင်း(၄)လောင်းကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်ကမူ PDF ရဲဘော်(၄)ဦးဟု ဖော်ပြထားသော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်သည့်အပြင် ဒေသခံများလည်းမဟုတ်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ထို့အပြင် နယ်မြေအတွင်း ပျောက်ဆုံးပြည်သူများလည်းမရှိသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးဟုလည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့