ဖျက်သိမ်းထားသည့် UDP ပါတီနေရာတွင် တံဆိပ်မနှိပ်ရန်နှင့် ဆန္ဒမဲပေးနည်းလမ်းညွှန်ဗီနိုင်းများကို မဲရုံတွင် ကပ်ထားပေးမည်

ဖျက်သိမ်းထားသည့် UDP ပါတီနေရာတွင် တံဆိပ်မနှိပ်ရန်နှင့် ဆန္ဒမဲပေးနည်းလမ်းညွှန်ဗီနိုင်းများကို မဲရုံတွင် ကပ်ထားပေးမည်
နိုဝင်ဘာ 7, 2020
By Tachileik News Agency
ဖျက်သိမ်းထားသည့် UDP ပါတီနေရာတွင် တံဆိပ်မနှိပ်ရန်နှင့် ဆန္ဒမဲပေးနည်းလမ်းညွှန်ဗီနိုင်းများကို မဲရုံတွင် ကပ်ထားပေးမည်
၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် နိုဝင်ဘာလ (၈) ရက်နေ့၌ ဆန္ဒမဲပေးကြရာတွင် ဖျက်သိမ်းထားသည့် UDP (ညီညွတ်သောဒီမိုကရက်တစ်ပါတီ) နေရာတွင် တံဆိပ်တုံးမထုကြရန်နှင့် ဆန္ဒမဲပေးနည်းလမ်းညွှန်ဗီနိုင်းများကို မဲရုံများရှေ့တွင် အသိပေးကပ်ထားရမည်ဖြစ်သည်။
ဆန္ဒမဲပေးမည့်သူများအနေဖြင့် နိုဝင်ဘာလ (၈)ရက်နေ့ နံနက် (၆)နာရီမှ ညနေ (၄)နာရီအတွင်း ဆန္ဒမဲပေးခွင့်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများက ထုတ်ပေးထားသည့် ဆန္ဒမဲပေးခွင့်လက်မှတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကဒ်ယူဆောင်သွားရမည်ဖြစ်သည်။
မဲရုံအတွင်းသို့ ထီး၊ ပိုက်ဆံအိတ်၊ Hand Phoneအပါအဝင် မည်သည့်အပိုပစ္စည်းကိုမှ ယူဆောင်ခွင့်မရှိဘဲ မဲရုံပရဝုဏ်အစပ်ရှိ လုံခြုံရေးအဖွဲ့ထံ အပ်နှံရမည်ဖြစ်ပြီး နိုင်ငံရေးပါတီအမှတ်တံဆိပ်ပါ အကျီ ၤအဝတ်အစား၊ ဦးထုပ်စသည့် အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံရေးပါတီအမှတ်တံဆိပ် စတေကာကပ်ထားသည့် ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များကို မဲရုံနှင့် ကိုက် (၅၀၀)အတွင်း ယူဆောင်ခွင့်ရှိမည်မဟုတ်ဘဲ လိုက်နာခြင်းမရှိပါက ထောင်ဒဏ် (၁)နှစ်အထိ ချမှတ်အရေးယူခံရနိုင်မည်ဖြစ်သည်။
ယင်းအပြင် COVID 19 ကာလဖြစ်၍ ဆန္ဒမဲပေးရာ၌ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ရာ မဲရုံအဝင်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း ၊ မဲရုံအတွင်းဝင်ရာတွင် ဗိုင်းရပ်စ်ဖြန့်ဝေမိခြင်းမဖြစ်စေရန် ဝတ်ဆင်လာသည့် Mask များကို သတ်မှတ်အမှိုက်ပုံးအတွင်း စွန့်ပစ်စေပြီး အသစ်ဝေငှပေးမည်ဖြစ်ကာ မဲရုံအထွက်တွင်လည်း နေအိမ်သို့ ဗိုင်းရပ်စ်ပါသွားခြင်းမဖြစ်စေရန် အဆိုပါ Mask ကို ပြန်လည်စွန့်ပစ်ကာ Mask အသစ်တစ်ခု ပြန်လည်တပ်ဆင်ရမည်ဖြစ်သည်။
ဆန္ဒမဲပေးရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ဆန္ဒမဲပုံတစ်ပုံးစီတွင် မဲထည့်ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ရွေးချယ်ခွင့်ရှိပါက နောက်ထပ် တစ်မဲထပ်မည့်ရမည်ဖြစ်သည်။
ဆန္ဒမဲလက်မှတ်အပေါ် တံဆိပ်တုံးထုရာတွင် UEC အမှတ်တံဆိပ်နှင့် အမှန်ခြစ်ပါသည့် တံဆိပ်တုံးမဟုတ်ပါက မဲရုံမှူးအား ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။
ယင်းအပြင် မဲလက်မှတ်ပေါ်မှ နှင်းဆီပွင့်ပုံဖြင့် ဖေါ်ပြထားသည့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ (UDP)ပါတီမှာ ဖျက်သိမ်းထားသည့်ပါတီဖြစ်၍ ဆန္ဒမဲပေးမိပါက ပယ်မဲဖြစ်မည်ဖြစ်သည်။
ဆန္ဒမဲလက်မှတ်ပေါ်တွင် မိမိရွေးချယ်လိုသည့် ကိုယ်စားလှယ်လောင်း၏ပါတီနေရာအကွက်၌ တံဆိပ်တုံးတစ်ကြိမ်သာ နှိပ်ပြီး မဲပုံးအတွင်းထည့်သွင်းရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~