မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးဒဏ်ရာရ

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့ မန်လုံရပ်ကွက်ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့က ဂျက်ဖိုက်တာဖြင့် ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကြဲချရာ ဒေသခံ (၅)ဦး ဒဏ်ရာရကြောင်း TNLA ထံမှ သိရသည်။ 

နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၁)နာရီခွဲကျော်တွင် စစ်ကောင်စီတပ်က နှစ်ကြိမ် လာရောက်ဗုံးကြဲချ‌ခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီး (၅)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၅)လုံး ပျက်စီးသည်ဟု သိရသည်။ 

ထို့အပြင် ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင်ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂)မမ လက်နက်ကြီး (၂)လုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်သရက်ချိုကျေးရွာကို ကျရောက်ပေါက်ကွဲပြီး  ဒေသခံ (၂)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများရှိနေသည်။ 

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က အသိပေးထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News