ရပ်စောက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ

ရပ်စောက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရ
စက်တင်ဘာ 4, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲရာ ဒေသခံတစ်ဦး ဒဏ်ရာရကြာင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့က ဝါးပြားရွာကို လေကြောင်းမှ (၄)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဝါးပြားရွာမှ ဒေသခံ အသက်(၆၀)အရွယ် သက်ကြီးရွယ်အိုတစ်ဦးဒဏ်ရာရပြီး ဘာသာရေးအဆောက်အဦးအပါအဝင် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးကြောင်း သိရသည်။ 

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေထိုင်ရာကျေးရွာများကို ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ကာ စစ်ရာဇဝတ်များ ဆက်တိုက်ကျူးလွန်‌နေသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: Danu People's Liberation Front - DPLF