စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်သားများထွက်ပြေး

စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ်သားများထွက်ပြေး

မကွေးတိုင်း စလင်းမြို့နယ် ဆုပ်လေဦးလမ်းဆုံ၌ အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်တပ်များက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းထံမှ သိရသည်။

အဆိုပါတပ်စခန်းကို ယနေ့ နံနက်(၅)နာရီခွဲတွင် တော်လှန်ရေးမဟာမိတ်တပ်များက စတင်တိုက်ခိုက်ခဲ့ကြပြီး နံနက်(၈)နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း အထိနာသည့် စစ်ကောင်စီတပ်များသည် ဆီဆိုင်တစ်ဆိုင်အား RPG နှင့်ပစ်ကာ ဆင်ဖြူကျွန်းဘက်သို့ ထွက်ပြေးသွားခဲ့ကြပြီးနောက် တော်လှန်ရေးတပ်များက လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်း၊ ဒေါင်းစစ်အောင်(LPDF)နှင့် မိုးကြိုးပြောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ကလည်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းနှင့် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

#TachileikNewsAgency

Photo: မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း