စစ်ကိုင်း နမခ မှ လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဘုတလင်သုဿာန်တွင် ချက်ခြင်း သင်္ဂြိုလ်သွား

စစ်ကိုင်း နမခ မှ လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဘုတလင်သုဿာန်တွင် ချက်ခြင်း သင်္ဂြိုလ်သွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တပ်ဖွဲ့ဝင်(၆၀)ကျော်သည် ဘုတလင်မြို့တွင်းသို့ ထွက်ခွာလာရာ  ဒေသကာကွယ်ရေးစစ်သည်တော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Brother တပ်ဖွဲ့က ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အင်အား(၆၀)ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည်  ဒီဇင်ဘာလ(၃၀)ရက်တွင်  ဘုတလင်မြို့အနီး  ရိုးကုန်းရွာ၏ အရှေ့ဘက်အရောက်၌ ဒေသကာကွယ်ရေး စစ်သည်တော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးစစ်ကောင်စီတပ်သားများကို ဘုတလင်သုဿာန်၌ ချက်ခြင်း သင်္ဂြိုလ်သွားကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးစစ်သည်တော်များဖြစ်သည့် ဗိုလ်တိုက်မောင်းပြောက်ကျားတပ်ဖွဲ့၊ တပင်ရွှေထီး(ဆံရှည်)ပြောက်ကျားတပ်ဖွဲ့၊ Anonymous Heros ပြောက်ကျားတပ်ဖွဲ့နှင့် Chindwin Brother တို့က ပူးပေါင်းမိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။