ဥသျှစ်ပင်မြို့တွင် ဆိုင်ကယ်စစ်ဆေးသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က ပြည်သူ ၂၅ ဦးကို  ဖမ်းဆီး

ဥသျှစ်ပင်မြို့တွင် ဆိုင်ကယ်စစ်ဆေးသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က ပြည်သူ ၂၅ ဦးကို  ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ဥသျှစ်ပင်မြို့ လမ်းဆုံတွင် ဆိုင်ကယ်စစ်ဆေးသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်က ပြည်သူ (၂၅) ဦးအား ဖမ်းဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဥသျှစ်ပင်မြို့လမ်းဆုံတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ဆိုင်ကယ်စစ်ဆေးသည်ဟု အကြောင်းပြကာ နိုဝင်ဘာလ (၁၁)ရက်နေ့ တစ်ရက်တည်းတွင် ပြည်သူ (၂၅)ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သူများလည်း ပါဝင်ပြီး မိသားစုများမှ ငွေဖြင့်လိုက်လံထုတ်ယူနေရကာ အများစုမှာ ယခုအချိန်ထိ ပြန်လွတ်မလာသေးကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။

စစ်ကောင်စီတပ်သည် မြို့ရွာအများစုတွင် စစ်မှုထမ်းရန်အတွက် တပ်သားသစ်များ နည်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိပြီး မလိုက်ပါလိုသည့် အရပ်သားပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများကို လုပ်ဆောင်နေဆဲပင်ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

#TachileikNewsAgency