အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံသည်ဟု သိရသည်။
တရုတ်နိုင်ငံ ကူမင်းမြို၌ပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ အစည်းအဝေးကို တက်ရောက်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တွေ့ဆုံရာတွင် နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးမြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်းတိုအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးသည်ဟု ဖော်ပြထားသည်။
#TachileikNewsAgency