ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ စစ်ကောင်စီစခန်း ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခံရ

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ စစ်ကောင်စီစခန်း ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခံရ

စစ်တိုင်းကိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း Dragon Urban Guerrila အဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ စစ်ကောင်စီစခန်းအား အောက်တိုဘာလ (၂၆) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး (၁၅) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၁၂) နာရီခွဲတွင် အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးရွာများအား အကြောင်းမဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ပြည်သူ (၂၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Dragon Urban Guerrila အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Dragon Urban Guerrila အဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း(၃)၊ Fire Dragon (Khin U)၊ ခင်ဦးမြို့နယ် တိုက်နယ်(၃)ပကဖနှင့် ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Dragon Urban Guerrilla