ပြည်ပသို့ PV ပတ်စပို့ဖြင့် အလုပ်သွားမလုပ်ကြရန် စစ်ကောင်စီထုတ်ပြန်

ပြည်ပသို့ PV ပတ်စပို့ဖြင့် အလုပ်သွားမလုပ်ကြရန် စစ်ကောင်စီထုတ်ပြန်

ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူတိုင်းကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပသို့ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့်သူများသည် နိုင်ငံကူးလက်မှတ် အမျိုးအစားကို အလုပ်အကိုင်အတွက်ထုတ်ပေးသည့် Passport for Job (PJ) ဖြင့် သွားရောက်ရမည်ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဟုလည်း ထုတ်ပြန်ထားသည်။

 

ပြည်ပနိုင်ငံများသို့ အလည်အပတ် နိုင်ငံကူးလက်မှတ် PV အမျိုးအစားကိုင်ဆောင်သူများသည် အလည်အပတ်မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူ၍ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။ 

PV အမျိုးအစား ပတ်စပို့ကိုင်ဆောင်၍ ပြည်ပသို့ ထွက်ခွာပါက လေဆိပ်နှင့် နယ်စပ်ဂိတ်များမှ စိစစ်တားမြစ်ခြင်းခံရပါက မလိုလားအပ်သည့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ယင်းသို့ထုတ်ပြန်သည်ဟု ဆိုသည်။

#TachileikNewsAgency