လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်မူးယစ်အဖွဲ့ကို LLPDFက ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးနှင့် လက်နက် စပ်ဆက်ပစ္စည်းများ သိမ်းဆည်း

လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်မူးယစ်အဖွဲ့ကို LLPDFက ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါးနှင့် လက်နက် စပ်ဆက်ပစ္စည်းများ သိမ်းဆည်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်မူးယစ်အဖွဲ့ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)များ က ဝင်ရောက်ဖမ်းဆီးရာ လက်နက်နှင့် စပ်ဆက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ တိုင်ကြားချက်အရ ၂၀၂၃ခုနှစ်၊ ဧပြီလ(၁၈)ရက်က လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲပြီး သေနတ်ပစ်ဖောက်နေသော မူးယစ်အဖွဲ့အား သွားရောက်ဖမ်းဆီးခဲ့ရာ လက်နက်ကိုင်ထားသော အမျိုးသား (၅)ဦးက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်က ခြောက်လှန့်ပစ်ခတ်ခဲ့ရာ လက်နက်များထားပြီး ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။

ယင်းနေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘော်ကာသေနတ် ( ၁ )လက်၊ ရမ်းထောင်းသေနတ် ( ၂ )လက်၊ ဂက်စ်သေနတ် ( ၁ )လက်၊ ယမ်းဖူးများ၊ WY စိတ်ကြွရူးသွပ်ဆေး (၄၀၉)ပြား၊ ပုဆိန်၊ ဓား၊ ဆိုင်ကယ် (၁)စီး၊ ဖုန်း (၃)လုံး၊ ငွေကျပ် (၅၀,၀၀၀)ကျော်တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

Photo: လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDF