ငလျင်ကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း သေဆုံးသူ(၁၆၁)ဦးနှင့် ဒဏ်ရာရရှိသူ (၁၁၆)ဦးရှိ 

ငလျင်ကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း သေဆုံးသူ(၁၆၁)ဦးနှင့် ဒဏ်ရာရရှိသူ (၁၁၆)ဦးရှိ 

အင်းအားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်အတွင်း သေဆုံးသူ (၁၆၁)ဦးရှိကာ ဒဏ်ရာရရှိသူ (၁၁၆)ဦး ရှိထားပြီဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

ငလျင်ကြောင့် ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းအချိန်ထိ ဘုရားစေတီ(၂)ဆူ၊ ဘုန်းကြီးကျောင်း (၃)ကျောင်းနှင့် လူနေအိမ်အဆောက်အဦး (၁၀၇)လုံး ပျက်စီးသည်ဟု သိရသည်။

ထို့အပြင် ဒဏ်ရာရသူ (၁၁၆)ဦး၊ သေဆုံးသူ(၁၆၁)ဦးနှင့် လမ်းပိုင်းပျက်စီးမှု (၃)ခုရှိခဲ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုက်ဆောင်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Myanmar Fire Services Department