နောင်ချိုမြို့နယ်ကို ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီး

နောင်ချိုမြို့နယ်ကို ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က (၃)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်အများအပြား ပျက်စီးကြောင်း TNLA ထံမှ သည်။ 

စစ်ကောင်စီတပ်သည် မြောင်ဇီးရွာကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် နှစ်ကြိမ် လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးနှင့်ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ 

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ (၂၀)ကျော် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ ဒေသခံနေအိမ်(၄)လုံး ပျက်စီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ (၃)ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများအား ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ် (၂)လုံး ပျက်စီးသည်ဟု ဆိုသည်။  

နိုဝင်ဘာလ (၂)ရက်နေ့တွင်လည်း နောင်ချိုမြိုနယ် ဘူတာရပ်ကွက် (၅)ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက် ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News