ကျိုင်းတုံမြို့  လေ့ကျင့်ရေးသင်တန်းကို အမှတ်စဉ် ၆ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူများ ယနေ့ပို့ဆောင်ခံရ

ကျိုင်းတုံမြို့  လေ့ကျင့်ရေးသင်တန်းကို အမှတ်စဉ် ၆ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူများ ယနေ့ပို့ဆောင်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်ကောင်စီတပ် အမှတ်(၁၁) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းထံ ကျေးရွာ၊ ရပ်ကွက်များအတွင်းမှ အဓမ္မစုဆောင်းကာ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူများ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် ပို့ဆောင်ကြောင်း သိရသည်။

စစ်မှုထမ်းရန် အမှတ်စဉ်(၆)သို့ ပို့ဆောင်ခံရသူများကို အမှတ် (၁၁) တန်းမြင့်လေ့ကျင့်ကျောင်းမှ ကျောင်းအုပ် ဗိုလ်မှူးချုပ် မျိုးဆက်အောင်နှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများက ကြိုဆိုဆိုသည်ဟုလည်း စစ်ကောင်စီလော်ဘီများက ဖော်ပြကြသည်။

အမှတ်စဉ် (၅/၂၀၂၄) သင်တန်းကိုလည်း စက်တင်ဘာလ(၉)ရက်နေ့ကပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူ (၃၅၇)ဦးကို စစ်သင်တန်းပေးခဲ့ပြီး (၃/၂၀၂၄)သင်တန်းတွင် (၄၄၄)ဦးနှင့် (၂/၂၀၂၄)တွင် (၅၂၈)ဦး စစ်သင်တန်းပေးပြီးဖြစ်သည်ဟု စစ်ကောင်စီလော်ဘီဌာနများက ဖော်ပြသည်။

#TachileikNewsAgency