ဒေါက်တာဇော်မြင့်မောင်ကို မကွယ်လွန်မီ နာရီပိုင်းအလိုတွင် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ဟု EU သံရုံးထုတ်ပြန်

ဒေါက်တာဇော်မြင့်မောင်ကို မကွယ်လွန်မီ နာရီပိုင်းအလိုတွင် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ဟု EU သံရုံးထုတ်ပြန်
အောက်တိုဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

ဒေါက်တာဇော်မြင့်မောင်ကို မကွယ်လွန်မီ နာရီပိုင်းအလိုတွင် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းသည် စစ်မှန်သော သနားကြင်နာမှုမဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် ထုတ်ပြန်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်းများ၏ မမှန်မကန်သော နိုင်ငံရေးစွပ်စွဲချက်များဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရပြီး နှစ်ပေါင်းများစွာ လုံလောက်သော ဆေးဝါးကုသမှုကိုမရဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏အကျဉ်းစံအခြေအနေသည် လွန်စွာ လူမဆန်၊ အဆင့်နှိမ့်စွာ နေခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးအနေဖြင့် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူဝမ်းနည်းကြောင်းထုတ်ပြန်ထားပြီး မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်လျက်ရှိကာ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်သည့် မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်လည် ရောက်ရှိရန် တောင်းဆိုတိုက်တွန်းထားသည်။

#TachileikNewsAgency