လေးကေ့ကော်တွင် KNLA ၏ ခုခံစစ်ကြောင့် နယ်ကျော်လာသည့် စစ်ကောင်စီတပ်ဘက်က (၄)ဦး သေဆုံး

ပုံအညွှန်း - ပုံအဟောင်းဖြစ်ပါသည်။  Photo: ဒူးပလာယာခရိုင်
ပုံအညွှန်း - ပုံအဟောင်းဖြစ်ပါသည်။ Photo: ဒူးပလာယာခရိုင်
လေးကေ့ကော်တွင် KNLA ၏ ခုခံစစ်ကြောင့် နယ်ကျော်လာသည့် စစ်ကောင်စီတပ်ဘက်က (၄)ဦး သေဆုံး
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ လေးကေ့ကော်တွင် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားသည့် အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ အမှတ်(၂၀၇)ခြေလျင်တပ်ရင်း နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ တပ်ရင်း (၂၇)တို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၄)ဦးသေကြောင်း ဒူးပလာယာခရိုင်က   ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ လေးကေ့ကော်မြို့သစ် ရပ်ကွက်(၃) ထဲသို့ လက်နက်ကြီး အချက်(၃၀)ကျော်ခန့်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် ပြည်သူများ၏ နေအိမ်များ ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် လေးကေ့ကော်မြိုသစ် ရပ်ကွက်များတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မော်ထိုတလေးကျေးရွာမှ နေအိမ်အတွင်းရှိ ပစ္စည်းများအပြင် ဆိုင်ကယ်(၁၀)စီးကို (၁၀)ဘီးကား ဖြင့် ခိုးယူသွားကြောင်း သိရသည်။