စစ်ကောင်စီရေတပ်မှ တပ်ကြပ်တစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကောင်စီရေတပ်မှ တပ်ကြပ်တစ်ဦး လက်နက်မဲ့ အလင်းဝင်
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာန တပ်ရင်း ၅၁၀၂ သို့ စစ်ကောင်စီရေတပ်မှ တပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနထံမှ သိရသည်။

စစ်ကောင်စီ ရေတပ် အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်) (ဟိန်းဇဲဒေသ) မှ တပ်ကြပ်ညီညီလွင်သည် ရန်ကုန်တိုင်းစစ်ဌာနထံ လက်နက်မဲ့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံကာ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသည့် စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေကာ လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency