ရေဦးမြို့မရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး လိုင်းခန်းမီးလောင်ပျက်စီး

ရေဦးမြို့မရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးကျဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး လိုင်းခန်းမီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း ရေဦးမြို့မရဲစခန်းအား ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း ရေဦး PDF က ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိပြီး ရဲလိုင်းခန်းမီးလောင်ပျက်စီးကြောင်း သိရသည်။

ရေဦးမြို့မရဲစခန်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ မွန်းလွဲ (၂)နာရီခွဲတွင် ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၆) လုံးကြဲချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ ရဲသတင်းပေး သန်းနိုင်နေသော လိုင်းခန်းပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး နေရာတွင် သေဆုံး၍ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လိုင်းခန်း မီးလောင်ပျက်စီးခဲ့ကြောင်း ရေဦးPDF က ဆိုသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်