ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွား

ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွား

တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းမှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အင်အား (၇၀) ခန့်ရှိ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ ဩဂုတ်လ  (၂၉) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်မှ ည (၈) နာရီခန့်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၄) ဦးထက်မနည်း ‌သေဆုံးခဲ့ပြီး (၇) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဆိုသည်။

သြဂုတ်လ (၂၉) ရက်နေ့ နံနက် (၈) နာရီဝန်းကျင်တွင် ခလရ (၂၈၅) မှ မိုင်ခရိုဝေ့တောင် စစ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကား (၁) စီးအား မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ (၁) နာရီ ဝန်းကျင်တွင်လည်း  ခလရ (၂၇၅) မှ ထွက်လာသည့် အင်အား (၃၀) ပါ စစ်ကြောင်းအား မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ မကျည်းကုန်းကျေးရွာအနီးတွင် မိုင်း (၂)လုံးဖြင့် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)တပ်ခွဲ(၅)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PDF Myeik District Battalion 1 - P23401