ကန့်ဘလူတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရကာ ၃ ဦးသေ 

ကန့်ဘလူတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရကာ ၃ ဦးသေ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးရွာ တောင်ဘက်၌ ချပ်ကြီးရွာမှ ထွက်လာသော စစ်ကောင်စီတပ်ကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့က တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။ 

စစ်ကောင်စီတပ် ခမရ(၃၆၁)နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀)ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးပြီး လက်နက်ငယ် (၃)လက်၊ ကျည် (၈၃၂)တောင့်၊ ကျည်အိမ် (၃)ခု၊ Equipment (၃)ခု၊ ယူနီဖောင်း (၃)စုံ၊ လက်ထိပ် (၃)ခုနှင့် ဓား (၁)ချောင်း သိမ်းဆည်းရရှိကြောင်း သိရသည်။

#TachileikNewsAgency