မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက်

မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း အမှတ် (၁)စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ၂၀၂၄ ခုနှစ် မေလ (၁၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့နယ် ငကုန်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းကို အင်အားဖြည့်တင်းရန် မင်းတုန်းမြို့မှ ဖောကား (၂)စီးဖြင့် ထွက်လာသည့် အင်အား (၆၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာ အကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲများဘက်မှ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ထို့နောက် အဆိုပါ စစ်ကြောင်းမှ ကျန်ရှိသည့်စစ်သားများသည် တမာကျေးရွာကိုဖြတ်၍ ပြောင်းကျေးရွာဘက်သို့ အင်အားဖြည့်တင်းရန် ထပ်မံကြိုးစားလာရာ ကျွဲဒွန်ကျေးရွာနှင့် သီးပင်ကုန်းကျေးရွာ လမ်းဆုံတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အသင့်စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၀)ဦးခန့် မျက်မြင်သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို သရက်ခရိုင်အမှတ်(၄)တပ်ရင်း၊ Student Armed Force(SAF)၊ Warriors Of Liberation Force (WOLF)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency