ဟဲဟိုးမြို့တွင် ယာဥ်တိမ်းမှောက်ကာ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ဟဲဟိုးမြို့တွင် ယာဥ်တိမ်းမှောက်ကာ တစ်ဦးသေ တစ်ဦးဒဏ်ရာရ
သြဂုတ် 27, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့တွင် ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၇)ရက်နေ့ ညပိုင်းက ယာဥ်တိမ်းမှောက်မှုဖြစ်ကာ တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

ဟဲဟိုးမြို့ မိုင်တိုင်အမှတ် (၉၇/၇)နှင့် (၉၈/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက် တစ်ဦးမှာသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာရသဖြင့် မြတ်စေတနာ နာရေးကူညီမှုအသင်းလူနာတင်ယာဉ်နှင့် ဟဲဟိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။ 

ယာဥ်တိမ်းမှောက်မှုကို ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မီးသတ်ဦးစီးဌာန