လားရှိုးတိုက်ပွဲ အစောဆုံးအလင်း၀င်သူ ၇ ဦးကို MNDAA က တစ်ဦး ၁၀ သိန်းချီးမြှင့်

လားရှိုးတိုက်ပွဲ အစောဆုံးအလင်း၀င်သူ ၇ ဦးကို MNDAA က တစ်ဦး ၁၀ သိန်းချီးမြှင့်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတိုက်ပွဲတွင် အစောဆုံး လက်နက်ချ အလင်းဝင်သော စစ်ကောင်စီတပ်သား(၇)ဦးကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းချီးမြှင့်ကြောင်း MNDAA က ယနေ့ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်သည်။

လားရှိုးတိုက်ပွဲ စတင်ပြီးမကြာမီ MNDAA က လက်နက်ချအလင်းဝင်သူများအား ဆုချီးမြှင့်ရေးမူဝါဒကို ထုတ်ပြန်ခဲ့ရာ MNDAA ထံ လက်နက်ချအလင်းဝင်လာသူများ ဆုငွေချီးမြှင့်ခံရခြင်းဖြစ်သည်။ 

အဆိုပါ တပ်သား(၇)ဦးကို ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့တွင် သက်ဆိုင်ရာ မူဝါဒများနှင့်အညီ MNDAA ၏ နိုင်ငံရေးဌာနအလုပ်အဖွဲ့မှ ဆုချီးမြှင့် ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့(၇)ဦးသည် လားရှိုးတိုက်ပွဲ အစောပိုင်းတွင် အလင်း၀င်လာခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သော ကာလဖြစ်သဖြင့် နောက်တန်းတွင် ထားရှိခဲ့ရကာ လက်ရှိတွင် MNDAA က ပြန်လည်နေရာချထားနိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ 

လက်နက်ချအလင်းဝင်သူ (၇)ဦး၏ ကိုယ်ပိုင်ဆန္ဒအရ အထူးအုပ်ချုပ်ရေးဒေသ(၁)နယ်မြေအတွင်း ဆက်လက်နေထိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网