ကော့သောင်း နှင့် ရနောင်းအကြား ထိုင်းရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသည့် မြန်မာ(၄)ဦး ဖမ်းခံရ

Photo: ศูนย์ป้องกันและปราบปรามประมงทะเลกระบี่
Photo: ศูนย์ป้องกันและปราบปรามประมงทะเลกระบี่
ကော့သောင်း နှင့် ရနောင်းအကြား ထိုင်းရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသည့် မြန်မာ(၄)ဦး ဖမ်းခံရ
သြဂုတ် 15, 2024 | အခြားဒေသများ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ကော့သောင်း - ရနောင်းအကြား ထိုင်းရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသည့် မြန်မာငါးဖမ်းအဖွဲ့ကို ထိုင်းပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

ကော့သောင်း - ရနောင်းအကြား ထိုင်းရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသည့် မြန်မာနိုင်ငံသား (၄)ဦးကို ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့ အကူးပိုင်းအချိန်က ဖမ်းမိခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကော့သောင်း - ရနောင်းအကြား ရေပိုင်းနက်အတွင်း ထိုင်းနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၊ တရားမဝင်ငါးဖမ်းလုပ်ငန်းတားဆီးနှိမ်နှင်းရေးအဖွဲ့ အပါအဝင် အမှတ်(၂၅)ခြေမြန်တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ရေကင်းလှည့်နေစဉ် ယင်းသို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ငါးဖမ်းသည့် မြန်မာငါးဖမ်းအဖွဲ့ထံမှ ငါးစုစုပေါင်းအလေးချိန် ကီလို (၆၀၀၀)ဝန်းကျင်ကို ဖမ်းဆီးသိမ်းဆည်းရမိခြင်းဖြစ်၍ ရနောင်းရှိ ပတ်နမ်ရဲစခန်းတွင် ၂၀၁၅ ငါးလုပ်ငန်း ဥပဒေအရ  အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။