ချင်းမိုင်မြို့တွင် မြန်မာလူငယ်တစ်စုက ထိုင်းလူငယ်တစ်ဦးကို ဓားဖြင့်ထိုးသွား

ချင်းမိုင်မြို့တွင် မြန်မာလူငယ်တစ်စုက ထိုင်းလူငယ်တစ်ဦးကို ဓားဖြင့်ထိုးသွား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာလူငယ်တစ်စုက ထိုင်းလူငယ်အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်လိုက်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

မြန်မာလူငယ်တစ်စုသည် ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၄)ရက်နေ့ နံနက်အစောပိုင်းတွင် ချင်းမိုင်မြို့ရှိ ဖက်တူချင်းမိုင်အနောက်ဘက်စျေး၌ အသက်(၁၈)နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်လိုက်ကြခြင်းဖြစ်သည်ဟု သိရသည်။

ဓားထိုးခံရသူ ထိုင်းအမျိုးသားလူငယ်မှာ ညာဖက်နံရိုးတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မဟာရာဇ်ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားသည်ဟု သိရသည်။  

လက်ရှိတွင် ပါဝင်သူ မြန်မာလူငယ် (၈)ဦးလုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဟု သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင်များက တင်းကြပ်နေချိန်ဖြစ်ပြီး အထောက်အထားမဲ့ မြန်မာများ ဖမ်းဆီးခံနေရချိန်လည်းဖြစ်၍ အဆိုပါလူသတ်မှုကြောင့် ရွှေ့ပြောင်းမြန်မာလုပ်သားများ ပိုမိုအစစ်ဆေးခံရမည်ကို စိုးရိမ်နေကြရသည်ဟု ချင်းမိုင်ရောက်မြန်မာများက Tachileik News Agency ကိုပြောသည်။

#TachileikNewsAgency

Photo: กูรูเชียงใหม่ เรื่องเชียงใหม่กูรู้