စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးအကြီးများ ကြဲချတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးအကြီးများ ကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးအကြီးများ ကြဲချတိုက်ခိုက်ကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းအား သြဂုတ်လ (၆)ရက်နေ့ ညဆယ်နာရီခွဲခန့်မှ စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Drop-Bomb သီး အကြီး 2Kg (၂)လုံး နှင့် 500g (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်များနိုင်ပြီး ၊ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း Black Eagle Defence Force-MMU အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ မြင်းမူမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့၊ Black Eagle Defence Force-MMU၊ Black Eagle Drone Force ၊ မြင်းမူမြို့နယ် ပလဖ နှင့် ဒေသခံ ပကဖ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency