ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် နရွဲပင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရှိကြောင်း Spring Warriors Column ထံမှ သိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က နရွဲပင်ရွာတွင် အင်အား(၃၀)ဝန်းကျင်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းတိုင်း၊ အမှတ်(၂) စစ်ဒေသခွဲ၊ ဗျူဟာ (၂၅)လက်အောက်ရှိ Spring Warriors Column၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် ၃၇၀၂ တပ်ရင်းတို့ စုပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗျူဟာ (၂၅)လက်အောက်ရှိ တပ်ရင်းစစ်ကြောင်းများက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်များ၊ (၄၀)မမနှင့် ခလရ (၃၀၇)မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
မိနစ် (၂၀)ဝန်းကျင်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ ရွာအတွင်းမှ ဆုတ်ခွာထွက်ပြေးသွားကြပြီး လက်နက် (၃)လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးကာ ဗျူဟာ (၂၅)မှ ရဲဘော်များ ထိခိုက်ဒဏ်ရာမှုမရရှိဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ချက်တွင် ခမရ(၅၆၀)ဦးဆောင်သော တပ်ပေါင်းစု ဝင်ရောက် ကျူးကျော်တပ်စွဲထားသည့် နရွဲပင် ဂိတ်စခန်း၊ တောဝိရွာနှင့် ထိန်တပင်ကြားရှိ ဂိတ်စခန်းနှင့် ကျွန်းကုန်းရွာဘေး တောရကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းများအား KNLA တပ်ရင်း (၉) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆို သည်။
စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး (၆၀)မမ ကွန်မန်ဒို စိန်ပြောင်းတစ်ခုအပါအဝင် လက်နက်ငယ် (၅)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:Spring Warriors Column