မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီလက်နက်ကြီးနှင့်ပစ်ရာ အရပ်သားများထိခိုက်သေဆုံး 

မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီလက်နက်ကြီးနှင့်ပစ်ရာ အရပ်သားများထိခိုက်သေဆုံး 

မန္တလေးတိုင်း မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အရပ်သား (၅)ဦးဒဏ်ရာရပြီး (၃)ဦး သေဆုံးကြောင်း မန္တလေး PDF ထံမှ သိရသည်။  

မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာသည် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် အလှမ်းဝေးကွာသည့် ကျေးရွာတစ်ခုဖြစ်ပြီး စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Mandalay People's Defence Force