ထန်တလန်မြို့ပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ထန်တလန်မြို့ပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ကြောင်း Chinland Defense Force - Thantlang ထံ မှ သိရသည်။ 

ထန်တလန်မြို့ပေါ်ရှိ စစ်သားတစ်ဦးနှင့် ရဲတစ်ဦးတို့သည် စစ်ကောင်စီထံ တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့တွင် အလင်းဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် ၄င်းတို့နှင့်အတူ MA-2 တစ်လက်၊ G-3 တစ်လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၁၈၅) တောင့်၊ Grenade (၁) ခု၊ ၄၀ မမ နှစ်ခု နှင့် ကျည်ကာ တစ်ခုတို့ ယူဆောင်လာကြောင်း သိရှိရသည်။

အလင်းဝင်တပ်သားနှစ်ဦးသည် ပြည်သူ့တော်လှန်ရေးတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ပြီး ၄င်းတို့အား ချီးမြှင့်ငွေ သိန်း (၅၀) စီ ပေးအပ်ခဲ့ကာ ၊ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း Chinland Defense Force - Thantlang မှ ဆိုသည်။

ချင်းပြည်အစိုးရတပ်ဖွဲ့က Tilim Operation 4 ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိသည့်အတွက် ပြည်သူ့တော်လှန်ရေးအတွင်း ပါဝင်ရန်ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း CDF- Thantlang မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: Chinland Defense Force-Thantlang