CDM ဆရာဝန်များကို စစ်ဆေး၊ ဖမ်းဆီးရန် ညွန်ကြားသည့်ဟု ဆိုသည့် ဒေါက်တာခင်ခင်ကြီးကို တော်လှန်ရေးအဖွဲ့က သတိပေး

CDM ဆရာဝန်များကို စစ်ဆေး၊ ဖမ်းဆီးရန် ညွန်ကြားသည့်ဟု ဆိုသည့် ဒေါက်တာခင်ခင်ကြီးကို တော်လှန်ရေးအဖွဲ့က သတိပေး

ရန်ကုန်တွင် CDM ဆရာဝန်များကို စစ်ဆေး၊ ဖမ်းဆီးရန် ညွန်ကြားသည့်ဟု ဆိုသည့် ဒေါက်တာခင်ခင်ကြီးကို Hmawbi Revolution Force က ယနေ့ မတ်လ(၂၃)ရက်တွင် သတိပေး ထုတ်ပြန်လိုက်သည်။

ခင်ခင်ကြီး ပြုလုပ်လျက်ရှိသော ကိစ္စများစွာကို ပြုလုပ်ပြီးလည်းဖြစ်တယ်။ ထို့ကြောင့် နောက်နောင် ခင်ခင်ကြီး ဆိုတဲ့ လူစိတ်မရှိသည့် ဆရာဝန်မ အနေဖြင့် မိမိလုပ်ရပ်များအတွက် အကျိုးတုန့်ပြန်မှုကို ထပ်တူခံစားစေရမည်ဟု မိမိတို့ မှော်ဘီတော်လှန်ရေးအင်အားစုမှ သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဟု သတင်းထုတ်ပြန်ကာ သတိပေးထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်တွင် CDM ရှိသည်ဆိုသည့် သတင်းဖြင့် ပုဂ္ဂလိကဆေးရုံတချို့ကို ဝင်ရောက်စစ်ဆေးခြင်း၊ ရပ်ကွက်ရုံးများကို CDM ဆရာဝန်များ၏ မှတ်ပုံတင်အား ထွေအုပ်ရုံးမှတဆင့်ပို့ပြီး ဧည့်စာရင်းရှိ၊ မရှိစစ်ခိုင်းခြင်း၊ ဘဏ်များကိုလည်း CDM ဆရာဝန်များ၏ မှတ်ပုံတင်ပို့၍ ဘဏ်အကောင့်များ စစ်ခိုင်းခြင်းကြောင့် ယခုကဲ့သို သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာခင်ခင်ကြီးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၁ ခုနှစ်၊ မေလက အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်လက်လုပ်ကိုင်နေသဖြင့် ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာထားသည်။

ဒေါက်တာခင်ခင်ကြီးသည် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ(နေပြည်တော်)မှ ညွန်ကြားရေးမှူးဖြစ်ပြီး ၎င်း၏ အမျိုးသားဆိုသူမှာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးဖြစ်သည်ဟု သိရသည်။